• Post 1
  • Post 2
  • Post 3
  • Post 4

Content

0 comments

key+board ထဲမှာကဗျာရှိတယ်

0 comments

လာရာလမ်းအတိုင်း Backspace  နောက်ပြန်သွားကြည့်မိတယ်
ရလာဒ်ကတော့သူ့လမ်းသူ Enter သွားနေပြီ
မျဉ်းတစ်ကြောင်းလို မဖြောင့်ဖြူးခဲ့တဲ့ Home
ဝလုံးလေးတွေကို  ၀ိုင်းအောင်ရေး Space Bar နေရတဲ့ဘဝ
လကွယ်နေ့တွေကုန်ဆုံး Delete တော့
လပြည့်ညတွေ Tab ရောက်လာခဲ့တယ်
သစ်ပင်လေးတွေက သစ်တောကြီးတွေကိုCtrl မမြင်ဘူးကြတော့
အမြစ်တွေသေဆုံး Alt  နေခဲ့တာကြာပြီ
နွယ်တက်လာတဲ့   Shift ကနုတ်ပန်းတွေ
ဗျစ်တောက် ဗျစ်တောက်နဲ့ ပါးစပ်ပေါက်ကနေ Scroll ထွက်လာတယ်
အချိန်နဲ့အမျှ အငြင်းပွားနေရတဲ့ Insert မျက်လုံးနဲ့နား
အိပ်မွေ့ချခံထားရတဲ့ caps Lock ဇာတ်လိုက်တွေ
ဆန်တစ်ပြည်ကျဉ်တစ်တောင့်နဲ့ အပစ်အခတ်အားလုံးကို Pause
အပြောတွေခဏ ထားပြီး Page down
အလုပ်တွေနဲ့ Page up သက်သေပြကြရအောင်လားဗျာ
အရေးပေါ် Esc ထွက်ပေါက်ကနေ
ငြိမ်းချမ်းရေးဟာ အသံထွက်ပြီး ကင်းလှည့်လာနေတယ် End .


မောင်နီဦး
၁၈-၉-၂၀၁၂

POETRY LIFE 2012

0 comments
အမ်စတာဒမ်မှာပြန်ဆုံကြမယ့် နိုင်ငံတကာရောက် ကဗျာရေးသူများ